အောက်မေ့မိတယ်
ပွင့်စွင့်ကာဝေဝေ....
မိုးဆွေ စွတ်စိုစိုဖြန်းပါလို့ ...
ကောက်ပျိုးပင်ငယ်ဝေ....
ကောက်စိုက်သမလေးတွေ...တေးသံရွှန်းကြတယ်..
ချမ်းမြစိတ်ဗွေ.......
မြတ်ဗုဒ္ဓေ...မေတ္တာရေ စီးဖြန်း...
မဂ်လမ်းဘောင် ကူးတို့ ဖောင် နှင့်
ကူးခတ်ရောက်စေ....
ရွာခြေကချောင်း..ချောင်းရေကအေး
တံတားပေါ် ဆော့ကာပြေးလို့ .
တို့ ပျော်ဖူးသေး..ကလေးဘဝလေး...
အောက်မေ့မိသေး...
သပြေသီးကောက်...ဆီးပင်အောက်နှင့်
မိုးကဖြိုးဖျောက်...လယ်ကွင်းတလျှောက်..
ရွာကိုရောက်အောင်...ဦးဆောင်ကာပြေး...
ပေါင်းဖော်စုံလေး..........................
ပန်းရင်းမာ...ကျော့ဖုန်းညှာကေသာထက်
ပန်ဆင်ကာလှရှာပေ့..
နံ့ သာရယ်လူး..ကြည်နူးရမြင်သူ..
မောင့်ကြည်ဖြူ.....
အသည်းကွဲ ကဗျာ....
ပြန်မရနိုင်တော့မှန်းသိရဲ့နဲ့
မင်းဆီကအချစ်
မျှော်လင့်နေတုန်းပဲ…
မင်းဆီကအချစ်
မျှော်လင့်နေတုန်းပဲ…
မမုန်းရက်နိုင်မှန်းသိရဲ့နဲ့
မင်းလမ်းခွဲဖို့တောင်းဆိုသေးတယ်..
မင်းလမ်းခွဲဖို့တောင်းဆိုသေးတယ်..
ဘယ်ဆီရောက်မှန်းမသိတဲ့
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ငါပျော်ခဲ့ပါတယ် မင်းဆီက အနမ်းတစ်ပွင့်ကြောင့်
။ မင်းဆီက အပြုံးလေးတွေကြောင့်
ငါရှုးသွပ်ခဲ့တယ် မင်းဆီက ဖုန်းခေါ်သံလေးကြောင့်
။ မင်းဆီက မျက်ဝန်တစ်စုံကြောင့်
ငါခံစားနေရတယ်… မင်းဆီက ပြင်းထန်တဲ့ စကားလုံးတွေကြောင့်
။ မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
။ မင်းမရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး လွမ်းနေရတယ်…
။ မင်းဆီက အပြုံးလေးတွေကြောင့်
ငါရှုးသွပ်ခဲ့တယ် မင်းဆီက ဖုန်းခေါ်သံလေးကြောင့်
။ မင်းဆီက မျက်ဝန်တစ်စုံကြောင့်
ငါခံစားနေရတယ်… မင်းဆီက ပြင်းထန်တဲ့ စကားလုံးတွေကြောင့်
။ မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
။ မင်းမရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး လွမ်းနေရတယ်…
ခြေသံကြားတိုင်း
မင်းခြေသံလား..
ဖုန်းသံကြားတိုင်း
မင်းဖုန်းလားဆိုပြီး
အိပ်မရခဲ့တဲ့ ညတွေဟာ
များလှပါပြီကွာ…
မင်းခြေသံလား..
ဖုန်းသံကြားတိုင်း
မင်းဖုန်းလားဆိုပြီး
အိပ်မရခဲ့တဲ့ ညတွေဟာ
များလှပါပြီကွာ…
ပြန်လာပါလို့ မပြောချင်ပေမဲ့
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ငါဆီက လက်ကျန်အချစ်တွေ
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း………….
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း………….
အသည်းကွဲ ခံရသူတစ်ဦးရဲ့ ခံစားချက်ပါ..
ချော……………
No comments:
Post a Comment