အချစ် နဲ့ သစ္စာ


Best Blogger Tips

အချစ် နဲ့ သစ္စာ
ရေမြေတွေခြားပြီးဝေးကွာနေလဲ
စိတ်ချင်းနှလုံးသားချင်းနီးနေတော့
တို့နှစ်ယောက်ရဲ့အချစ်တွေကို
မပျက်စီးစေပဲဆက်ချစ်ရအောင်
ချစ်သူရေ
ရှေ့ ဆက်ရမယ်အနာဂတ်ကလမ်းကြမ်း
ခရောင်းလမ်းကိုလျောက်တဲ့ လမ်းမှာ
အေးအတူပူအမျှ မျှဝေပေးမဲ့ ချစ်ကို
ကို................
 သိပ်ချစ်ပါတယ်.....။
 အမြန်ဆုံးနီးစပ်နိုင်ဖို့ ဘယ်လိုအခက်အခဲရှိရှိ
မောင့်အနားချစ်ရှိရင်အရာရာကိုရင်ဆိုင်ရဲပါတယ်
အိမ်ရေးပျက်တွေညတွေမှာ
ကြယ်လေးတွေကိုကြည့်ပြီး
ကိုချစ်တဲ့ ချော ကိုယ့်ကိုလွမ်းနေပါစေလို့
ရင်ထဲမှာနေတိုင်းဆုတောင်း
တိတ်တခိုးလေးနဲ့ ပါပဲ ချစ်သူ.....။
လွမ်းပါတယ်
လွမ်းတာကို လွမ်းတယ်လို့ ပြောရင်ရိုးလို့ 
တမ်းတမိတယ်လို့ ပြောရင် ချစ်"ရယ်"မှာ
ရယ်ချင်ရယ် ပြုံးချင်ပြုံး ကိုယ် မမုန်းဘူး
အချစ်တတ်ဆုံးလူသားတစ်ဦးဆိုတာသိရင်ကျေနပ်ပါပြီ..
 တို့နှစ်ယောက်ရင်ထဲအချစ်နဲ့သစ္စာတရား
တည်ရှိနေသေးသရွေ့ တော့ 
ဘယ်သူဖျက်ဖျက်မပြတ်ဘူးဆိုတာ
ကိုယ် ယုံကြည်ဆဲပါ ချစ်သူ ...
ပြတ်မဲ့ ကြိုး ယဲ့ ယဲ့ လေးကျန်ခဲ့ တောင်
မရမကဆက်မဲ့ သူပါ ချစ်သူ....
မျှော်လင့်ချက်တွေအရည်ပျော်စေမဲ့ 
စကားလုံးကြမ်းကြမ်းကိုမကြားရဲခဲ့ သူမို့ 
ရင်ထဲကမပါပဲ စကားတစ်ခွန်းမဖွင့် ချလိုက်ပါနဲ့ .....
တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့်
တို့အချစ်တွေကနီးနီးလေးဆိုတာ
မောင်ဘက်ကယုံကြည့်သလို
ဖြိုးဘက်ကလဲယုံကြည်ပေးပါ...
ယုံကြည်ရင်းရူးသွပ်သူမို့ ပါ
ဂေါက်တောက်တောက်ဖြစ်အောင်မလုပ်ပါနဲ့ 
လျောက်လျောက်ပြီးတွေးနေရင်
ရင်ထဲမှာအဆင်မပြေမှု့ တွေများလို့ 
သေချာတာတစ်ခုကတော့  ချောကို"ချစ်တယ်"
အင်တာနက်စာမျက်နှာမှတွေ့ရှိသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ရေသားသူမသိပါ။ခံစားချက်နှင့်တိုက်
ဆိုင်၍ ခံစားတင်ပြသည်...ချစ်သူသိပါစေ.....ကဗျာ ချစ်သူ။

အချစ် နှင့် ခွဲခွာခြင်း ...ကဗျာ

လေတဟူးဟူးထဲ
ကိုင်းပင်တွေ နှုတ်ဆက်တေးဆို
ကညာပျိုလို နွဲ့ကာယိမ်းကာနဲ့
အညတရ စမ်းချောင်းလေး နံဘေး
သူ့ရဲ့မျက်ရည် ကို သုတ်
ငါ့ရင်မှာ ပ၀ါအစုတ်စီးပေးလိုက်တယ်

အနမ်းတပွင့် နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူ
ဘယ်အရာ ကို ဘာကပြန်စား
သေခြာမှု အခန်းဗလာမှာ
စိတ်လှုတ်လှုတ်လေး ပြုတ်မကျမီ
ဒုံးဆိုင်းရူံးထွက်ခဲ့လေပြီ
ငါလေ.........................
ပြေးရင်းနဲ့ ငို၊ ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့
ဟိုးအဝေးဆီမှာ
ငါ့ကိုချစ်သော ငါ့ချစ်သူ
သောင်ပြင်မှာ လူးနေခဲ့ပေါ့....................။ ။

ပိုင်ဆိုင်ခွင့်မရှိတဲ့ အချစ်

ကောင်မလေးရေ မမေ့ခဲ့ပါဘူး 
ရွေးချယ်ခွင့်မရှိခဲ့တဲ့..ငါ့ဘ၀မှာ
အရာရာကိုထိတ်လန့်နေခဲ့ရတယ် 
မင်း..ဘယ်တော့များ... ငါ့ရင်ထဲကို 
ထွက်သွားမှာလဲပေါ့ ဘယ်သူတွေက
ငါ့အချစ်တွေကို စာနာပေးနိုင်မလဲလို့
အခါခါစဉ်းစားရင်း..ကြေကွဲနေခဲ့ရသူပါ......
ပိုင်ဆိုင်ခွင့်မရှိတဲ့.ငါ့ဘ၀ကိုငါ….
မုန်းတီးနေမိတယ်..... ချစ်တယ်ဆိုတဲ့
စကားလေးတွေတောင် မင်းဆီကကြားခွင့်မရှိတာ
မင်း..ကိုယ့်ကို တကယ်မချစ်ခဲ့တာလားကောင်မလေးရယ်...။